ဆင်းတုကိုးကွယ်နေလို့  ဘာအကျိုးရှိမှာလဲတဲ့လား
ဆင်းတုကိုးကွယ်နေလို့  ဘာအကျိုးရှိမှာလဲတဲ့လား
ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။ မရှိတော့တဲ့မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို
့ရသေးသလား။ ကိုးကွယ်နေလို့ကောအကျိုးရှိ ပါမလား။ ဗုဒ္ဓဘာသာကဆင်းတုတွေ၊ ရုပ်ပုံပန်းချီကား
တွေကို ကိုးကွယ်တဲ့ ဘာသာလား? ဆင်းတုတွေရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။
ဒါတွေက အနောက်နိုင်ငံသားတွေ ဘာသာခြားတွေ မေးတက်တဲ့ မေးခွန်းတွေပဲ။
ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။ မရှိတော့တဲ့မြတ်စွာဘုရားကို
ဂေါတမမြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် စံလွန်သွားပြီ ဖြစ်ပေမဲ့
သူဟောကြားထားတဲ့တရားအဆုံးအမ တွေက ပကတိအတိုင်း ရှိနေကြတုန်းပဲ။ ဘုရားဖြစ်အောင်ကြိုးပမ်းခဲ့ တာ
အခုလို တရားအဆုံးအမကို ဟောပြဖို့ပဲ။ နိဗ္ဗာန်ရောက်ကြောင်းတရားကို ညွှန်ပြပေးခဲ့ဖို့ပဲဒါတွေကအခု
အကုန်ရှိနေသေးတာမို့ ဒီတရားတော်အတိုင်း လိုက်နာကျင့်ကြံ အားထုတ်ရင်း မြတ်ဗုဒ္ဓရှိစဉ်တုန်းကလိုပဲ
ထပ်တူထပ်မျှ အကျိုးထူးများကို ခံစားရပါတယ်။ နိဗ္ဗာန်ချမ်းသာကိုလည်း မျက်မှောက်ပြုနိုင်ပါတယ်။
ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မစံမီမှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက် စေတီ ၄ မျိုးကို သတ်မှတ်ပေးတော်မူခဲ့တယ်။
(၁) ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိင်္ုဟ်တဲ့အခါ ကျန်ရစ်တဲ့ ဓါတ်တော်များကို ဘုရားရှင် ကိုယ်စားကိုးကွယ်နိုင်တယ်။
(၂) ဓမ္မစေတီ…ဗုဒ္ဓမြတ်စွာ ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့ ပိဋကတ်သုံးပုံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်နဲ့ နိဗ္ဗာန်တရားတို့ကို ဘုရားရှင်ကိုယ်စား ကိုးကွယ်ဆည်းကပ်နိုင်တယ်။
(၃) ဥဒ္ဒိဿစေတီ…သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်းပြီး ရေးသားတဲ့ ပုံတော်၊ပန်းချီကားချပ်တွေ၊ သစ်သားဆင်စွယ်
စသည်တို့ကို ထုလုပ် ထားတဲ့ ဆင်းတုတွေ၊အုတ်၊ သဲ၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားတဲ့
စေတီပုထိုးတွေ၊ဒီအရာတွေအားလုံးကို ဘုရားရှင်ကိုယ်စား ရှိခိုး ပူဇော်နိုင်တယ်။
(၄) ပရိဘောဂစေတီ…မဟာဗောဓိပင် အပါအ၀င် ဘုရားရှင် အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊ သင်္ကန်း၊တောင်ဝှေးစသည်တို့ကိုလည်း
ဘုရားရှင်ကိုယ်စား ဆည်းကပ်ကိုးကွယ်နိုင်တယ်။
အဲဒီတော့ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်ပန်းချီကားတွေ၊ ဆင်းတုတွေကို ရှိခိုးပူဇော်တာဟာ ဥဒ္ဒိဿစေတီအဖြစ် ရည်မှန်းပြီးရှိခိုးပူဇော်ြ ခင်း ဖြစ်တယ်။ ပန်းချီကားအနေနဲ့ ရုပ်ထု၊ဆင်းတုတော်များအနေနဲ့ 
ရှိခိုးပူဇော်နေတာ မဟုတ်ဘူး။
ဥပမာ… ကွယ်လွန်သွားပြီးတဲ့ မိဘများရဲ့ဓါတ်ပုံကို ရှိခိုးကန်တော့နေတဲ့သူဟာ စက္ကူဓာတ်ပုံကို ရှိခိုးကန်တော့နေတာမဟုတ်ဘူး ။ သူ့မိဘကို ရည်မှန်း ပြီး ရှိခိုးကန်တော့နေခြင်းဖြစ်တ ယ်။
မိဘဓာတ်ပုံက အသက်ထင်ရှား ရှိစဉ်အခါက မိဘတို့ရဲ့ ရုပ်ပုံကိုထင်မြင်လာအောင် အထောက်အပံ့ပြုတယ်။
မိ ဘရဲ့ ဂုဏ်ကျေးဇူးတွေ ထင်ပေါ်လာအောင် ကျေးဇူးပြုပေးတယ်။ စက္ကူဓာတ်ပုံကို ကျော်လွန်ပြီး
မိဘတို့ရဲ့ တကယ့်ရုပ်သွင်နဲ့ မိဘတို့ရဲ့ဂုဏ်ကျေးဇူး များပေါ်လွင်လာအောင် ကြည့်ရှူရသလို
ဘုရားပန်းချီ၊ ရုပ်ထု၊ ဆင်းတုများကို ကျော်လွန်ပြီး မြတ်စွာဘုရားရဲ့ တကယ့်ရုပ်သွင်နဲ့ဂုဏ်တော်များ၊
ကျေး ဇူးတော် များပေါ်လွင်အောင် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
ဒါကြောင့်ပုံတော်၊ ဆင်းတုတော်တိုဟာ အထောက်အပံ့ ပစ္စည်းမျှသာဖြစ်တယ်။ ပုံတော်၊ ဆင်းတုတော်တွေ မရှိဘဲနှင့်လဲ မြတ်စွာဘုရားရဲ့ ဂုဏ်တော်များကိုရည်မှန်းပြီး ရှိခိုးပူဇော်နိုင်ပါတယ်။
မြတ်စွာဘုရားသက်တော်ထင်ရှား ရှိစဉ်အခါ ကလည်း ဘုရားဂုဏ်တော်များကိုသာရည်မှန်းပြီး
ပူဇော်ရပါတယ်။ မြတ်စွာဘုရားရဲ့ ဂုဏ်တော်များဆီသို့ စိတ်ရောက်တာချင်းတူရင် အကျိုးကျေးဇူး
ကလည်း တူမှာပဲ။ ဂုဏ်တော်များစုပေါင်းထားတဲ့ ဘုရားရှင်ကို ဉာဏ်နဲ့မြင်အောင် အာရုံပြုရမယ်။
ဒါကြောင့်ဗုဒ္ဓဘာသာဆိုတာ ရုပ်ပုံ၊ ရုပ်ထုတွေကို ဆည်းကပ်ကိုးကွယ်တဲ့ ဘာသာမဟုတ်ပါဘူး။ ဒါက မသိ၊ နားမလည်သူတွေရဲ့ လွဲလွဲမှားမှား စွပ်စွဲ မှုများသာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဆည်းကပ်ကိုးကွယ်နေတာက
အရဟံအစ ဘဂ၀ါအဆုံး အတုမရှိတဲ့ ဂုဏ်တော်များရဲ့ပိုင်ရှင်ဖြ စ်တဲ့ ဗုဒ္ဓဘုရား၊ ထိုမြတ်စွာဘုရား
ဟောကြားညွှန်ပြ ခဲ့တဲ့မဂ်လေးတန်၊ ဖိုလ်လေးတန် နိဗ္ဗာန်ပရိယတ်လို့ဆိုတဲ့အတု မရှိ မြင့်မြတ်တဲ့ဓမ္မတရား၊
သစ္စာလေး ပါး မြတ်တရားကို သိမြင်ကြပြီးတဲ့ အရိယာသံဃာများနဲ့  မြတ်စွာဘုရားရဲ့ အဆုံးအမဩ၀ါဒအတိုင်း
ကျင့်ကြံနေကြတဲ့ သမုတိသံဃာ၊ ဒီဘုရား၊တရား၊ သံဃာလို့ဆိုအပ်တဲ့ ရတနာမြတ်သုံးပါးပါပဲ။
ဒီလို ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ အမြတ်ဆုံးရတနာ သုံးပါးဆိုတာ အခြားဘယ်မှာ ရှာဖွေလို့
ရနိုင်ပါ တော့မလဲ။
(ဒေါက်တာမင်းတင်မွန်)
ပြောရရင်တော့ Alarm Clock လိုပါပဲ ...
သတိမရှိပဲအိပ်ပျော်နေတဲ့ အခါ
အချိန်မိ နိုးထနိုင်အောင် Alarm Clock လေးတွေဆောင်ထားရသလို၊
ဒါန၊ သီလ၊ ဘာဝနာ များကိုမေ့လျော်ပြီး နိုးလျက်နဲ့ အိပ်ပျော်နေတဲ့လူသားများအဖို့
ဗုဒ္ဓရုပ်ပွါးဆင်းတုတော်များ ကိုမြင်ပြီး
သတိများကပ်၍ လောဘ ဒေါသ မောဟ များကို ထိမ်းနိုင်ရန်အဖို့သော်လည်း ကောင်း၊
ကုသိုလ်စိတ်များနိုးကြားနေေ အာင် သော်လည်းကောင်း၊
မေတ္တာ ဘာဝနာ များပွါးများနိုင်အောင် သော်လည်းကောင်း၊
မြတ်စွာဘုရားရဲ့ ဂုဏ်တော်များကိုရည်မှန်းပြီး ရှိခိုးပူဇော်နိုင်အောင် သော်လည်းကောင်း
ဗုဒ္ဓရုပ်ပွါးဆင်းတုတော်များ သည် သတိ-Alarm များပေးနေတတ်၏
ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မစံမီမှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက် စေတီ ၄ မျိုးကို သတ်မှတ်ပေးတော်မူခဲ့တယ်။
(၁) ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိင်္ုဟ်တဲ့အခါ ကျန်ရစ်တဲ့ ဓါတ်တော်များကို ဘုရားရှင် ကိုယ်စားကိုးကွယ်နိုင်တယ်။
(၂) ဓမ္မစေတီ…ဗုဒ္ဓမြတ်စွာ ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့ ပိဋကတ်သုံးပုံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်နဲ့ နိဗ္ဗာန်တရားတို့ကို ဘုရားရှင်ကိုယ်စား ကိုးကွယ်ဆည်းကပ်နိုင်တယ်။
(၃) ဥဒ္ဒိဿစေတီ…သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်းပြီး ရေးသားတဲ့ ပုံတော်၊ပန်းချီကားချပ်တွေ၊
(၄) ပရိဘောဂစေတီ…မဟာဗောဓိပင် အပါအ၀င် ဘုရားရှင် အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊ သင်္ကန်း၊တောင်ဝှေးစသည်တို့ကိ
အဲဒီတော့ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်ပန်းချီကားတွေ၊ ဆင်းတုတွေကို ရှိခိုးပူဇော်တာဟာ ဥဒ္ဒိဿစေတီအဖြစ် ရည်မှန်းပြီးရှိခိုးပူဇော်ြ
ဥပမာ… ကွယ်လွန်သွားပြီးတဲ့ မိဘများရဲ့ဓါတ်ပုံကို ရှိခိုးကန်တော့နေတဲ့သူဟာ စက္ကူဓာတ်ပုံကို ရှိခိုးကန်တော့နေတာမဟုတ်ဘူး
ဒါကြောင့်ပုံတော်၊ ဆင်းတုတော်တိုဟာ အထောက်အပံ့ ပစ္စည်းမျှသာဖြစ်တယ်။ ပုံတော်၊ ဆင်းတုတော်တွေ မရှိဘဲနှင့်လဲ မြတ်စွာဘုရားရဲ့ ဂုဏ်တော်များကိုရည်မှန်းပြီ
ဒါကြောင့်ဗုဒ္ဓဘာသာဆိုတာ ရုပ်ပုံ၊ ရုပ်ထုတွေကို ဆည်းကပ်ကိုးကွယ်တဲ့ ဘာသာမဟုတ်ပါဘူး။ ဒါက မသိ၊ နားမလည်သူတွေရဲ့ လွဲလွဲမှားမှား စွပ်စွဲ မှုများသာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဆည်းကပ်ကိုးက
(ဒေါက်တာမင်းတင်မွန်)
ပြောရရင်တော့ Alarm Clock လိုပါပဲ ...
သတိမရှိပဲအိပ်ပျော်နေတဲ့ အခါ
အချိန်မိ နိုးထနိုင်အောင် Alarm Clock လေးတွေဆောင်ထားရသလို၊
ဒါန၊ သီလ၊ ဘာဝနာ များကိုမေ့လျော်ပြီး နိုးလျက်နဲ့ အိပ်ပျော်နေတဲ့လူသားများအဖိ
သတိများကပ်၍ လောဘ ဒေါသ မောဟ များကို ထိမ်းနိုင်ရန်အဖို့သော်လည်း
ကုသိုလ်စိတ်များနိုးကြားနေေ
မေတ္တာ ဘာဝနာ များပွါးများနိုင်အောင် သော်လည်းကောင်း၊
မြတ်စွာဘုရားရဲ့ ဂုဏ်တော်များကိုရည်မှန်းပြီ
ဗုဒ္ဓရုပ်ပွါးဆင်းတုတော်များ

No comments:
Post a Comment